HireFT
Browse JobsHow it worksPricingAboutSuccess Stories
    Back to jobs
    PR

    Proximity Designs

    Design

    Sales Representative

    -, Myanmar (Burma)On-SiteFull-timePosted 1mo ago
    All Proximity Designs jobs

    Job description

    ရေတံခွန်အဖွဲ့မှ တောင်သူများထံသို့ ထိရောက်သော ဝန်ဆောင်မူများ ပေးနိင်ရန်အတွက် အဖွဲ့အစည်းမှ ချမှတ်ထားသော နည်းဗျူဟာများနှင့်အညီ ရည်မှန်းချက်များပြည့်မီအောင် ဆောင်ရွက်နိုင်ရန် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ ဓနုဖြူမြို့နယ်၊ အိမ်မဲမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဟဲဟိုးမြို့နယ်၊ လယ်ဝေးမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် တပ်ကုန်းမြို့နယ်များတွင် လစ်လပ်လျှက်ရှိသော အရောင်းဝန်ထမ်းရာထူး (၃၀) နေရာများအား ခန့်ထားရန် ရှိပါသည်။ 

    လုပ်ငန်းတာဝန်များ

    • သတ်မှတ်ထားသော အရောင်းနယ်မြေတွင် အရောင်းရည်မှန်းချက်များ ပြည့်မီအောင် ဆောင်ရွက်ရန်။
    • ရေတံခွန် ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား တောင်သူများထံသို့ အချိန်နှင့်တပြေးညီ ဝန်ဆောင်မှု အပြည့်အဝပေးရန်။
    • အရောင်းငွေကြေးပိုင်းဆိုင်ရာနှင့် စာရင်းပိုင်းဆိုင်ရာများကို မှန်မှန်ကန်ကန် အချိန်မီ ပြီးစီးအောင် ဆောင်ရွက်ရန်။
    • အလားအလာရှိသော တောင်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ လိုအပ်ချက်များကို ရှာဖွေကူညီပြီး
      ပိုမိုကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ရန်။
    • ရုံးအတွင်းရှိ Crop Advisory များနှင့် ပူးပေါင်းဆောင်ရွက်၍ တောင်သူများအား ဝန်ဆောင်မှုပေးရန်။
    • တောင်သူများနှင့်တွေ့ဆုံပြီး ရရှိလာသော အခြေအနေများကို သက်ဆိုင်ရာမန်နေဂျာထံ အချိန်မီ သတင်းပို့ရန်နှင့် စာရင်းပြုစုရန်။
    • ရုံးတွင်း၊ပြင်ပ စိုက်ပျိုးရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများနှင့် စဉ်ဆက်မပြတ် ဆက်သွယ်ဆောင်ရွက်၍ သက်ဆိုင်ရာ မန်နေဂျာအား သတင်းပို့ရန်။
    • အရောင်းမန်နေဂျာနှင့် ရုံးခွဲမန်နေဂျာတို့အား လုပ်ငန်းနှင့် ပတ်သက်သည်များကို ကူညီဆောင်ရွက်ပေးရန်။

    လိုအပ်သော အရည်အချင်းများ

    • တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ။
    • စိုက်ပျိုးရေး (သို့မဟုတ်) အရောင်းပိုင်းအား စိတ်အားထက်သန်သူ။ 
    • တောင်သူများနှင့် လျင်မြန်စွာ ဆက်ဆံရေး တည်ဆောက်နိင်သူ။
    • ချမှတ်ထားသော ရည်မှန်းချက်များအား ပြည့်မှီအောင် ဆောင်ရွက်နိင်သူ။
    • ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ခြင်းနှင့် ဈေးကွက်ရှာဖွေနိုင်ခြင်း စွမ်းရည်ရှိသူ။
    • Digital literacy အားကောင်းသူ။
    • မော်တော်ဆိုင်ကယ် ကျွမ်းကျင်စွာ မောင်းနှင်နိုင်ပြီး ယာဉ်မောင်းလိုင်စင်ရှိသူ။
    • အဖွဲ့အစည်း၏ လိုအပ်ချက်အရ တာဝန်ချရာနေရာအား ပြောင်းရွှေ့နိုင်သူ။

    သင်ရရှိနိင်မည့် အခွင့်အလမ်းများ

    သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် လူမှုအကျိုးထိရောက်စွာ စွမ်းဆောင်နိုင်မှုအပေါ်အခြေခံသည့် Monthly Sales Commission လည်း ရရှိမည်သာမက ရှေ့သို့ဦးတည်စဉ်းစားတွေးခေါ်သူများနှင့် ကောင်းမွန်သော လုပ်ငန်းခွင်မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။ သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ အခြေခံလူတန်းစားများအတွက် ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်းလည်း ရရှိမည် ဖြစ်ပါသည်။

    Proximity Designs အကြောင်း

    Proximity Designs သည် ကမ္ဘာလုံးဆိုင်ရာအရေးကြီးသောပြဿနာများဖြစ်သည့် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှုနှင့် တန်းတူညီမျှ မရှိမှုများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။ ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာတို့အား ၎င်းတို့၏ မြေဆီလွှာကို ပြုစုစောင့်ရှောက် ထိန်းသိမ်းကြရန်၊ အစားအစာ ပိုမိုစိုက်ပျိုးရန်၊ ဝင်ငွေ ပိုကောင်းလာစေရန်နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေဖို့ လိုက်လျောညီထွေနေထိုင် တည်ဆောက်တက်ရန် ကူညီခြင်းဖြင့် ၎င်းပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရန် ကျွန်ုပ်တို့က လုပ်ဆောင်ပါသည်။ ကျွန်ုပ်တို့သည် လယ်သမားမိသားစုများကို ပိုမိုအကျိုးဖြစ်ထွန်းစေ၍ အမြတ်အစွန်း ပိုရလာစေပြီး သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့စေမည့် လိုအပ်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ဒီဇိုင်းဆွဲကာ လုပ်ဆောင်ပါသည်။​ ကျွန်ုပ်တို့၏ ဝင်ငွေနည်းသော တောင်သူလယ်သမား  သုံးစွဲသူများအား အသေးစား ရေသွင်း စိုက်ပျိုးရေး နည်းစနစ်များ၊ ဇီဝမြေသြဇာများနှင့် ဇီဝပိုးသတ်ဆေးများ၊ မြေဆီလွှာကျန်းမာရေး စစ်ဆေးခြင်း ကိရိယာများ၊ ကွင်းဆင်းဆောင်ရွက်ပေးသော သီးနှံကာကွယ်ရေးဝန်ဆောင်မှုများနှင့် လယ်ယာချေးငွေများကဲ့သို့သော ငွေကြေးအကုန်အကျနည်းစေရန် တီထွင်ဆန်းသစ်ထားသည့် နည်းလမ်းကောင်းများကို လက်ဆင့်ကမ်း ပေးလျက်ရှိပါသည်။

    လွန်ခဲ့သည့် (၂၀) နှစ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဆင်းရဲနွမ်းပါးသော စိုက်ပျိုးရေးလုပ်ကိုင်သည့် အိမ်ထောင်စုပေါင်း (၁.၂) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၇၈၂) သန်းကို ရှာပေးနိုင်ခဲ့ပါသည်။ ဤသို့ဝင်ငွေတိုးလာခြင်းဖြင့် လယ်သမားများသည် ၎င်းတို့၏ ကလေးများအတွက် ပညာရေး၊ အာဟာရပြည့်ဝသော အစားအစာ၊ ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ၎င်းတို့၏ လယ်ယာ (သို့မဟုတ်) အခြားကျေးရွာစီးပွားရေးလုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ နိုင်ပါသည်။

    လျှောက်ထားရန်-

    မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို ဤတွင်နှိပ်၍ လျှောက်ထားနိုင်ပါတယ်။

    Proximity သည် လုပ်ငန်းခွင်အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ အကာအကွယ်ပေးခြင်း၊ ကလေးငယ်များအား အကာအကွယ်ပေးခြင်း၊ နှောင့်ယှက်ခြင်းကင်းသော လုပ်ငန်းခွင်၊ ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှုနှင့် အခြားများစွာသော အခြားအကျိုးခံစားခွင့်ဆိုင်ရာ မူဝါဒများကို ချမှတ် ကျင့်သုံးသော အဖွဲ့အစည်းဖြစ်ပါသည်။

    Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။

    Proximity အနေဖြင့် ပဏာမရွေးချယ်ခံရသူများကိုသာ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ကြောင်း အသိပေးလိုပါသည်။

    Job details are sourced from the employer's original posting.

    Open job posting
    PR

    About the company

    Proximity Designs

    Proximity Designs is a company that focuses on creating innovative design solutions.

    View all Proximity Designs jobs
    Industry
    Design
    Open roles
    3

    Interested in this role?

    Apply with HireFT

    Free to start — no card required.

    Your fit

    How well do you match?

    Sign in to see how your résumé lines up with this role.